Posts

Showing posts from October, 2018

ကလေးတွေကို သင်ပေးသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေအကြောင်း

Image
ကလေးတွေကို သင်ပေးသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေအကြောင်း အကယ် ၍ များ အချိန်တွေနောက်ပြန်ရစ်လို့ရပြီး ငယ်ငယ်က မိုက်ရူးရဲဆန်ဆန် ဆုံးဖြတ်ခဲ့တဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ပြန်လည်ပြင်ဆင်ခွင့်များရခဲ့မယ်ဆိုရင် သင်အနေနဲ့ ပြန်သွားချင်ပါသလား။ ကျွန်တော်ကတော့ ကျွန်တော် ကလေးဘ၀ကတည်းက ငွေကိုပါးပါးနပ်နပ် စီမံခန့်ခွဲတတ်ဖို့ သင်ယူနိုင်ခဲ့မယ်ဆိုရင် အတိတ်ကို ပြန်သွားချင်ပါတယ်။ သင့်အနေနဲ့ သင်ကိုယ်တိုင် အချိန်တွေနောက်ပြန်ရစ်ပြီး လုပ်ခဲ့တဲ့ ကိစ္စတွေအတွက် ပြန်လည်ပြင်ဆင်လို့ မရတော့ပေမယ့် သင့်ကလေးတွေအတွက် သင့်အချိန်တွေ၊ ဘ၀တွေရင်းပြီး သင်ယူခဲ့ရတဲ့ ငွေကြေးဆိုင်ရာ သင်ခန်းစာတွေကို ခုကတည်းက ငယ်ရွယ်ပြီး ဆုံးဖြတ်ချက်ချမမှားအောင် သင်ပေးသင့်နေပါပြီ။ ဒီလိုသင်ပေးလိုက်ခြင်းကြောင့် သင့်ကလေးငယ်ရဲ့ ဘ၀တလျှောက်မှာ သင်ယူတတ်မြောက်ထားတဲ့ အခြေခံအကြောင်းတရားတွေပေါ် မူတည်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူကိုယ်တိုင် ယုံကြည်ချက်ရှိရှိ ချမှတ်နိုင်စေမှာ ဖြစ်ပါတယ်။ အသက် ၅နှစ်မှ ၁၀နှစ် ကလေးတွေက ဆက်တိုက် ကြီးပြင်းနေကြသလို သူတို့ရဲ့ ပိုက်ဆံပေါ်ထားတဲ့ ဗဟုသုတ အမြင်ဟာလည်း အဆက်မပြတ် ကြီးထွားနေပါတယ်။ အသက်၅နှစ်ဆိုတဲ့အရွယ်မှာ ငေ