Posts

Showing posts from June, 2019

အလုပ်နဲ့ ဘဝ

Image
သင်ကိုယ်တိုင် ချစ်တဲ့ ဝါသနာပါတဲ့ အလုပ်ကလေးလည်း စထားပြီ။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက်လည်း စိုက်ထုတ်ပြီး လုပ်ထားတယ်။ ဘယ်သူမဆို ဒီအလုပ်ကလေး တိုးတက်အောင်မြင်တာကိုပဲ လိုချင်မှာပဲပေါ့။ သင်ဆိုရင်ကော? ကိုယ်ချစ်တဲ့အလုပ်ကလေးဆိုရင် ကိုယ်ရဲ့ရင်သွေးလေးလိုပါပဲ။ အရိပ်တကြည့်ကြည့်နဲ့။ နေမကောင်းမှာစိုးရ ပူပန်ရနဲ့။ စိတ်ပူရတတ်ပါတယ်။ အမြတ်ကြမ်းတဲ့ အလုပ်ဆိုပိုဆိုးပါတယ်။ တကယ်ဝါသနာပါတဲ့ ကိုယ်ပိုင်အလုပ်ကလေးကို ကျောင်းတက်နေရင်းနဲ့ အပိုဝင်ငွေလေးရအောင် စထားပြီး တကယ်တန်းကျောင်းပြီးချိန် အချိန်ပြည့် လုပ်ပြီဆိုတဲ့ အချိန်မှာကျမှ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုးရှိ တတ်ပါတယ်။ ကိုယ်ကလည်း တကယ်ဝါသနာပါ ချစ်မြတ်နိုးပြီး လုပ်တဲ့ တကယ်လည်း လုပ်ချင်ခဲ့တဲ့၊ တနည်းအားဖြင့် ကိုယ်ရွေးချယ်ခဲ့တဲ့ ဘဝက ဖြစ်မလာတဲ့အခါ၊ ဖြစ်ဖို့ နှောင့်နှေးနေတဲ့အခါ အားမလိုအားမရဖြစ်တာ၊ စိတ်ဓါတ်ကျ ဝမ်းနည်းတာတွေ ဖြစ်လာတတ်ပါတယ်။   ကိုယ်တကယ်ချစ်လို့ လုပ်တဲ့အလုပ်တွေမှာ တခါတရံ စည်းမထားတတ်တဲ့အခါ အလုပ်က သင့်ကိုဝါးမျိုသွားလို့၊ အလုပ်ကိုချည်း အချိန်ပေးနေရလို့ သင့်မိသားစု၊ သင်ချစ်တဲ့သူတွေနဲ့ ဝေးကွာလာတတ်ကြပါတယ်။ မယုံမရှိပါနဲ့။ စာရေးသူကိုယ်တိုင် ဖြစ်ဖူးလ