Posts

Showing posts from November, 2019

“ကလေးငယ်များနှင့် ခွဲခွာခြင်း သောက”

Image
ကျောင်းဖွင့်ရာသီရောက်ပြီ။ ကလေးတွေအနေနဲ့လည်း ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုပြီး တွေးတွေးပြီး ပျော်နေနိုင်ပေမယ့် တခါမှ ကျောင်းမနေဖူးသေးတဲ့ ကလေးတွေ (ဥပမာ - မူကြို) ကတော့ သူမရောက်ဖူးတဲ့ ပတ်ဝန်းကျင် အသစ်မှာ အမေ့ကိုခွဲ၊ အိမ်ကလူတွေကို ခွဲခွာပြီး ကိုယ့်အားကိုယ်ကိုးပြီး စနေရတော့မှာမို့ ကြောက်နေမှာ အမှန်ပါပဲ။ တမိသားစုလုံးကလည်း အရမ်းချစ်ရတဲ့ ကလေးဆိုတော့ သူကြောက်နေတာကို ကြည့်ပြီး စိတ်မကောင်း စိတ်ပူကြရပါတယ်။ ဒါက သားဦးဆိုပိုဆိုးပါတယ်။ အမေတွေဆို ကလေးကျောင်းစပို့တဲ့နေ့ဆို ကျောင်းရှေ့ကနေ မပြန်နိုင်ဖြစ်ပြီး စိတ်မချနိုင်ဖြစ်နေရတာ သဘာဝပါ။ သင်(အမေ) တစ်ယောက်တည်းမဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ ပထမတစ်ပတ်မှာတော့ ဖြစ်နေနိုင်ပါတယ်။ ကံကောင်းတာတစ်ခုက အခုခေတ်မှာ အင်တာနက်တွေ အရမ်းတိုးတက်လာတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာလားဆိုတာတွေ ရှာဖွေဖတ်ရှုပြီး ဆောင်ရန်၊ ရှောင်ရန်လေးတွေ ဖတ်၊မှတ်လို့ရတာပေါ့။ ဒီတော့ Admin ကလည်း မေမေတို့ အတွက် တတ်နိုင်သမျှလေးတွေ ရှာဖွေမျှဝေလိုက်ရပါတယ်နော်။ စိတ်လှုပ်ရှားစရာဖြစ်ပါစေ ကျောင်းစတက်ရတော့မှာဆိုတော့ ကျောင်းဝတ်စုံ၊ လွယ်အိတ်အသစ်၊ ဖိနပ်အသစ် ဝယ်ပေးခြင