Posts

Showing posts from June, 2018

ဆံပင်ဆေးဆိုးခြင်း

Image
ကျမတို့ မိန်းကလေးတွေက တနေ့ထက်တနေ့ ပိုလှချင်တဲ့ အမျိုးရှင့်။ တရက်ထက်တရက်ပိုပို လှနေအောင် ပြင်ကြဆင်ကြတဲ့ အထဲမှာ ဆံပင်လည်းပါတာပေါ့။ မိန်းမတို့ဘုန်း ဆံထုံးလို့တောင် ဆိုတယ်မဟုတ်လား။ ဆံပင်အလှကို ဖွဲ့ဆိုကြတဲ့ သီချင်းတွေထဲမှာတောင် Rဇာနည်ရဲ့ “ကမ္ဘာမြေပြင်ပေါ် မင်းဆံနွယ်တွေ လွှမ်းခြုံထားမှာလားကွာ” ဆိုတဲ့ သီချင်းတောင်ရှိသေးတာပဲလေ။ ဒါကြောင့် လှချင်တဲ့ ကျမတို့မိန်းကလေးတွေက ဆံပင်ကို အမျိုးမျိုးထုံးဖွဲ့ ပြင်ဆင်ကြ၊ အရောင်တွေဆိုးကြ၊ ဖြောင့်ကြ ကောက်ကြစတာတွေကို ပိုက်ဆံအကုန်ခံ၊ အလုပ်ရှုပ်ခံပြီး လုပ်ကြတာပေါ့ရှင်။ ပိတုန်းရောင်ဆံကေသာဆိုတာ ကျမတို့ အာရှသူတွေပဲရှိတာ များတဲ့ ဆံပင်အရောင်ဖြစ်ပေမယ့် ခုခေတ်က ကိုရီးယားမလေးတွေလို လှချင်တော့လည်း အရောင်တွေဆိုးကြတာပေါ့။ ဒါပေမယ့် ဆံပင်ဆိုးဆေးတွေ အကြောင်းကို မသိဘဲနဲ့ အရမ်းတော့ မလုပ်စေချင်ဘူး။ တန်ဆေးလွန်ဘေးမဟုတ်လား။ ဒါကြောင့် ညလေးတို့၊ မွီးတို့၊ ခေးတို့အတွက် မတ်မတ်သန်ရှာတွေ့ထားတဲ့ ရှောင်ရန်၊ ဆောင်ရန်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ပြီး ကိုယ့်လို ဆံပင်ဆိုးတာ ဝါသနာပါသူတွေကိုလည်း mention ခေါ်လိုက်ပါဦးနော်။ ဆံပင်ဆိုးဆေး အမျိုးအစားများ တာရှည်ခံဆိုးဆေး ၈ပတ

ဆံပင်ကျန်းမာရေးအတွက် စားသင့်သောအစားအစာများ

Image
ဆံပင်တွေ နှစ်ခွဖြစ်လို့ စိတ်ညစ်နေသလား။ ခေါင်းလျှော်ရည် ဘယ်လောက်ကောင်းတာသုံးသုံး ဆံပင်တွေက မာပြီး ခြောက်နေသလား။ ကျွတ်မြဲကျွတ်နေတာလား။ ဒါဆို သင်စားတာတွေကို ပြန်စစ်ဆေးဖို့လိုနေပါပြီ။ အစားအသောက်က လူနဲ့တည့်ပါတယ်။ (မတ်မတ်သန်လို အစားတလိုင်းတွေ ရိုက်လိုက်ပါဦး) ကဲ…ကဲ…အောက်ဖော်ပြပါ အစားအစာတွေက သင့်ဆံပင်တွေကို ဘယ်လိုကောင်းကျိုးပြုသလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။ ဘလူးဘယ်ရီ ဘလူးဘယ်ရီမှ မဟုတ်ပါဘူး။  အရောင်ရင့်တဲ့ ဘယ်ရီသီး (ဘလက်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ရပ်စ်ဘယ်ရီ) အားလုံးလိုလိုဟာ antioxidant လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်တဲ့ အတွက် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တော်တော်များများကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီက ကိုယ်တွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးတဲ့အတွက် ဆီးချိုရောဂါရှင်တွေသာမက အလေးချိန်ထိန်းချင် (ဝိတ်ချချင်)တဲ့ ခေးတို့၊ မွီးတို့အတွက်လည်း အတော်ပဲပေါ့။ နောက်ပြီး ဦးရေပြားနဲ့ ဆံပင်အမြစ်လေးတွေက လိုအပ်တဲ့ ဗိုက်တာမင်စီလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်တွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ဆံပင်တွေအဖျားနှစ်ခွကွဲခြင်း၊ ကျွတ်ဆတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။    2. ငါးကြီးဆီ လူ့ခန္ဓာ