ဆံပင်ကျန်းမာရေးအတွက် စားသင့်သောအစားအစာများ


ဆံပင်တွေ နှစ်ခွဖြစ်လို့ စိတ်ညစ်နေသလား။ ခေါင်းလျှော်ရည် ဘယ်လောက်ကောင်းတာသုံးသုံး ဆံပင်တွေက မာပြီး ခြောက်နေသလား။ ကျွတ်မြဲကျွတ်နေတာလား။ ဒါဆို သင်စားတာတွေကို ပြန်စစ်ဆေးဖို့လိုနေပါပြီ။ အစားအသောက်က လူနဲ့တည့်ပါတယ်။ (မတ်မတ်သန်လို အစားတလိုင်းတွေ ရိုက်လိုက်ပါဦး)
ကဲ…ကဲ…အောက်ဖော်ပြပါ အစားအစာတွေက သင့်ဆံပင်တွေကို ဘယ်လိုကောင်းကျိုးပြုသလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

  1. ဘလူးဘယ်ရီ

ဘလူးဘယ်ရီမှ မဟုတ်ပါဘူး။ 
အရောင်ရင့်တဲ့ ဘယ်ရီသီး (ဘလက်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ရပ်စ်ဘယ်ရီ) အားလုံးလိုလိုဟာ antioxidant လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်တဲ့ အတွက် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တော်တော်များများကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဘလူးဘယ်ရီက ကိုယ်တွင်းသကြားဓါတ်ကိုလည်း ထိန်းညှိပေးတဲ့အတွက် ဆီးချိုရောဂါရှင်တွေသာမက အလေးချိန်ထိန်းချင် (ဝိတ်ချချင်)တဲ့ ခေးတို့၊ မွီးတို့အတွက်လည်း အတော်ပဲပေါ့။ နောက်ပြီး ဦးရေပြားနဲ့ ဆံပင်အမြစ်လေးတွေက လိုအပ်တဲ့ ဗိုက်တာမင်စီလည်း ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်တွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ဆံပင်တွေအဖျားနှစ်ခွကွဲခြင်း၊ ကျွတ်ဆတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

   2. ငါးကြီးဆီ
လူ့ခန္ဓာကိုယ်ထဲမှာ မထုတ်လုပ်နိုင်တဲ့ ငါးကြီးဆီ (အိုမီဂါ သရီး)ဟာ EPA နဲ့ DHA ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆံပင်အတွက်သာမက ခန္ဓာကိုယ်အတွက်ပါ အင်မတန်အရေးကြီးပါတယ်။ တကယ်လို့ ငါးကြီးဆီက ညှီတယ်၊ မကြိုက်ဘူးဆိုရင်တော့ သစ်ကြားသီး၊ ဗာဒန်စေ့ စတဲ့ အခွံမာအစေ့အဆန်တွေကို စားပေးသင့်ပါတယ်။

   3.ခရု၊ ယောက်သွား၊ ဂုံး
ခရုစတဲ့ ပင်လယ်စာတွေမှာ Zinc (ဇင့်)ဓါတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်ခြောက်ခြင်း၊ ကျွတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ မကြိုက်ဘူးဆိုရင်တော့ အမဲသား၊ ကြက်ဥတွေကို စားလို့လည်းရပါတယ်။ ဇင့်ဓါတ်အပြင် အသားဓါတ်ပါ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်တွေအတွက်တင်မဟုတ်ပဲ ကျန်းမာရေးအတွက်ပါ အကျိုးပြုမှာ အသေအချာပါပဲ။

  4.အစိမ်းရောင် အရွက်များ
ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ သံဓါတ်၊ သတ္ထုဓါတ်၊ ဗိုက်တာမင်ဓါတ်တွေ ပြည့်ဝစွာပါဝင်တဲ့ အစိမ်းရောင် အသီးအရွက်တွေ (ဥပမာ - ဟင်းနုနွယ်၊ မုန်ညင်းရွက်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း)က ဆံပင်တွေရဲ့တောက်ပြောင်မှု၊ နူးညံ့မှုတွေကို အားဖြည့်ပေးရုံမက ခန္ဓာကိုယ်အတွက်ပါ ကျန်းမာရေးအတွက် အကျိုးပြုပေးမှာ အသေအချာပါပဲ။

  5.ထောပတ်သီး
ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတော်တော်များများမှာ ထောပတ်သီးပါတာကို ချစ်တို့ သတိထားမိမယ်ထင်ပါတယ်။ ထောပတ်သီးက ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးပြီး၊ ဆံပင်ကြမ်းတမ်းခြင်းကို ကုစားပေးတဲ့အပြင် ဆံပင်သန်စေပါတယ်။ ဒါကြောင့် ထောပတ်သီးစားပါ။ ထောပတ်သီးဖျော်ရည်သောက်ပါ။ ထောပတ်သီးမှာ ခန္ဓာကိုယ်မှာလိုအပ်တဲ့ သတ္ထုဓါတ်၊ သက်စောင့်ဓါတ်တွေအပြင် အိုမီဂါ သရီး၊ ဗိုက်တာမင် ကေနဲ့စီ၊ Anti-oxidant တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ဆံပင်တွေကို ကျန်းမာတောက်ပြောင်လှပစေမှာပါ။

ပြောပြခဲ့တဲ့ နည်းလမ်းတွေအပြင် နောက်ထပ်တစ်နည်းကျန်ပါသေးတယ်။ ကိုယ်ဝန်ဆောင်ခြင်းပါ။ (အဆဲခံရတော့မယ်…ဟိဟိ😁😁😁)။ ဟုတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ရဲ့ဆံပင်ကျွတ်နှုန်း ပုံမှန်ထက် သိသိသာသာ ကျသွားပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ ဒါပေမယ့် ကလေးမွေးပြီးရင်တော့ ကျွတ်ပါလိမ့်မယ်။ မေမေဖြစ်လာတဲ့ သုခတွေပေါ့လေ။ အဲဒီ့အချိန်တော့လည်း သားသမီး မျက်နှာလေးကြည့်ပြီး ဆံပင်ကျွတ်တာလည်း မသိတော့ပါဘူးလေ….(အဖြစ်မှန်တွေပေါ့ကွယ်)

ဒါကြောင့် ကိုယ့်ရဲ့ သက်ဆိုင်သူတွေကို Mention ခေါ်ပြီး လိုက်သာကျွေးခိုင်းပေတော့။ ချုပ်တတ်ဖို့တော့ လိုမယ်နော…။ မတတ်ရင် သင်ပေးမယ်လေ။ chat box မှာတိတ်တိတ်လေးလာမေးလေ။ ဆေးအကြီးကြီး ထိုးပေးမယ်💉💉💉။ စတာနော်။ ချလစ်ယူ💗💗💗

သန္တာကိုကို (ဆေးတက္ကသိုလ်)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း