Posts

Showing posts from December, 2019

ပင်လယ်ကမ်းခြေကို ခရီးထွက်သင့်တဲ့ အချက်၅ချက်

Image
ပိတ်ရက်ရှည်တွေ တောက်လျှောက်လာပြီနော်။ စာဖတ်သူ သင်ရော ဘာလုပ်ဖို့ စိတ်ကူးထားလဲ။ တနှစ်တာ ပတ်လုံး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့ပြီးပြီ။ ပိတ်ရက်မှာ အလုပ်နဲ့ ပတ်သက်တဲ့ သောကတွေ စိတ်ညစ်စရာတွေကို မေ့ထားပြီး နွမ်းနယ်နေတဲ့ စိတ်ဝိဥာဉ်တွေကို အပန်းဖြေဖို့ ပိတ်ရက်မှာ ခရီးထွက်သင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပင်လယ်ကမ်းခြေကို ခရီးထွက်သင့်တဲ့ အကြောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ စိတ်ကြည်လင် အေးချမ်းမယ်။ လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ ပင်လယ်ရေပြာပြာဟာ စိတ်ပညာရှင်တွေ အဆိုအရ ပူလောင်ပင်ပန်းနေတဲ့ စိတ်ကို အေးငြိမ်းမှုရစေပါတယ်။ လုံးဝမလှုပ်ရှားပဲ ပင်လယ်ပြာပြာကို ငေးကြည့်နေကြည့်စမ်းပါ။ သင့်သောကတွေ၊ စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး စိတ်တည်ငြိမ်လာပါလိမ့်မယ်။ လေကောင်းလေသန့် ရှုကြမယ်။ မြို့ပြရဲ့ ပိတ်လှောင်မွန်းကြပ်မှုတွေကနေ လွတ်မြောက်ပြီး ကြည်လင်နေတဲ့ ကောင်းကင်ပြာပြာ၊ ခြေဖဝါးအောက်က သဲနုနုလေးတွေ၊ သဲတွေထဲမှာ မြုတ်တဝက် ပေါ်တဝက်ဖြစ်နေတဲ့ ခရုခွံလှလှလေးတွေ၊ ကမ်းခြေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေး။ ဒါတွေကို စိတ်ကူးယဉ်ကြည့်စမ်းပါ။ ခုတောင် ချက်ချင်းသွားချင်စိတ် ပေါက်လာပြီမဟုတ်လား။ ကမ်းခြေမြို့လေးကို သွားလည်ြ

ချစ်စရာ ဖေဖေ၊မေမေတစ်ယောက် ဖြစ်စေဖို့ နည်းလမ်း (၇)သွယ်

Image
ကလေးထိန်းတယ်ဆိုတာ အနုပညာတစ်ရပ်ပါ။ ပျော်ရွှင်ခြင်း ပီတိတွေ၊ ကြောက်ရွံ့ခြင်း သံသယတွေ ရောပြွန်းနေတဲ့ တောကြီးမျက်မဲထဲကို ရောက်နေသလိုမျိုး လမ်းပျောက်နေသလိုမျိုး ကြုံတွေ့နေရတဲ့ အခါမျိုးလည်း ရှိတတ်ပါတယ်။ မိခင်ဘဝဆိုတာ ကိုယ်များတစ်ခုခု မှာလုပ်မိလေရော့သလား ဆိုပြီး ညညအိပ်မပျော်တဲ့ရက်တွေလည်း ရှိသလို မနက်ခင်းနိုးလာတဲ့အချိန် ကိုယ့်ရင်သွေးလေးရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ဒီလောကမှာ ကိုယ့်လောက်ကံကောင်းသူမရှိပါလားလို့ အထင်ရောက်ရတဲ့ အခိုက်အတန့်လေးတွေဟာလည်း မိဘဖြစ်ရခြင်းရဲ့ သုခတွေပါပဲ။ ဒါကြောင့် “သားတို့ ရုပ်ရည် သီတာမည်သား၊ ရေကြည်ချမ်းမြ တစ်ပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်း” ဆိုတဲ့ စကားပုံလေး ရှိနေတာပေါ့။ ဘယ်သူမဆို ကိုယ့်ရင်သွေးလေးကို အကောင်းဆုံး အစားအစာ ကျွေးချင်တယ်၊ အကောင်းဆုံး အဝတ်အစား ဆင်ပေးချင်တယ်၊ ကိုယ့်ရင်သွေးလေးကို အတော်ဆုံး၊ ချစ်စရာအကောင်းဆုံးဖြစ်စေချင်တယ် ဆိုတာ မိဘတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ တစ်ခါတစ်လေ အလုပ်ရှုပ်၊ စိတ်ရှုပ်နေတဲ့အခါ သူတို့လေးတွေ စကားကို နားထောင်ပေးရမယ့်အစား အော်မိတာမျိုး၊ စကားနားမထောင်ပဲ ဂျီကျနေရင် ရိုက်ပစ်လိုက်မိတာမျိုးတွေဆိုတာ မိဘတိုင်း တခါမဟုတ် တခါတော့ လုပ်မိတတ်

သင့်ရင်သွေးက မှတ်မိနေမယ့် သင့်အကြောင်း

Image
ဘဝမှာ အရေးအကြီးဆုံး အရာက ဘာလဲ။ ရွှေငွေ စည်းစိမ် ဥစ္စာဓနတွေ ချမ်းသာကြွယ်ဝမှုတွေလား။ မိသားစု ဘဝလေးထဲမှာရော ဘာက အရေးအကြီးဆုံးလဲ။ ကလေးမရသေးတဲ့သူတွေက ကလေးလိုချင်တယ်။ ကလေးတွေများလွန်းတဲ့လူတွေကျတော့လည်း များလွန်းလို့ စိတ်ညစ်ရတယ်။ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိကြပါဘူး။ ဒီလိုမပြည့်စုံကြတဲ့ မိဘနဲ့ သားသမီးတွေကြားမှာတော့ ပြီးပြည့်စုံတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုအချိန်လေးတွေ ရှိခဲ့ကြမှာပါ။ နှစ်တွေကြာလာရင် မီးဖိုချောင်မှာ မီးချောင်း ဘယ်နှချောင်းဆိုတာ အတိအကျ မမှတ်မိနိုင်သလို ရေခဲသေတ္တာပေါ်မှာ ဘာစတေကာ ကပ်ထားလဲဆိုတာလည်း မှတ်မိဖို့ မဖြစ်နိုင်ပေမယ့် ရင်ထဲက ချစ်ခြင်းမေတ္တာမှတ်ဥာဏ်ကတော့ အသေးစိတ်ကအစ မှတ်မိနေတတ်ပါတယ်။ ဒါကြောင့်   မိဘနေရာကို ရောက်လာခဲ့ရင်လည်း ကိုယ့်ရင်သွေးလေးကို တန်ဖိုးမဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံပေးခြင်းအားဖြင့် သင်ဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ သင့်သားသမီးက တစ်သက်တာ ပြောမဆုံးတဲ့ ပျော်ရွှင်စရာ အတိတ်ကို ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။ သင့်ရင်သွေး သင့်ကို တစ်သက်တာ မမေ့နိုင်တော့မယ့် အခိုက်အတန့်များ ၁။ တစ်စုံတစ်ခုကို ဆုံးဖြတ်လုပ်ဆောင်ဖို့ သတ္တိခွန်အားတွေ ပေးတဲ့အခ