ပင်လယ်ကမ်းခြေကို ခရီးထွက်သင့်တဲ့ အချက်၅ချက်


ပိတ်ရက်ရှည်တွေ တောက်လျှောက်လာပြီနော်။ စာဖတ်သူ သင်ရော ဘာလုပ်ဖို့ စိတ်ကူးထားလဲ။
တနှစ်တာ ပတ်လုံး ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့ပြီးပြီ။ ပိတ်ရက်မှာ အလုပ်နဲ့ ပတ်သက်တဲ့ သောကတွေ စိတ်ညစ်စရာတွေကို မေ့ထားပြီး နွမ်းနယ်နေတဲ့ စိတ်ဝိဥာဉ်တွေကို အပန်းဖြေဖို့ ပိတ်ရက်မှာ ခရီးထွက်သင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပင်လယ်ကမ်းခြေကို ခရီးထွက်သင့်တဲ့ အကြောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

စိတ်ကြည်လင် အေးချမ်းမယ်။
လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ ပင်လယ်ရေပြာပြာဟာ စိတ်ပညာရှင်တွေ အဆိုအရ ပူလောင်ပင်ပန်းနေတဲ့ စိတ်ကို အေးငြိမ်းမှုရစေပါတယ်။ လုံးဝမလှုပ်ရှားပဲ ပင်လယ်ပြာပြာကို ငေးကြည့်နေကြည့်စမ်းပါ။ သင့်သောကတွေ၊ စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး စိတ်တည်ငြိမ်လာပါလိမ့်မယ်။

လေကောင်းလေသန့် ရှုကြမယ်။

မြို့ပြရဲ့ ပိတ်လှောင်မွန်းကြပ်မှုတွေကနေ လွတ်မြောက်ပြီး ကြည်လင်နေတဲ့ ကောင်းကင်ပြာပြာ၊ ခြေဖဝါးအောက်က သဲနုနုလေးတွေ၊ သဲတွေထဲမှာ မြုတ်တဝက် ပေါ်တဝက်ဖြစ်နေတဲ့ ခရုခွံလှလှလေးတွေ၊ ကမ်းခြေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေး။ ဒါတွေကို စိတ်ကူးယဉ်ကြည့်စမ်းပါ။ ခုတောင် ချက်ချင်းသွားချင်စိတ် ပေါက်လာပြီမဟုတ်လား။

ကမ်းခြေမြို့လေးကို သွားလည်ကြမယ်။
လူတိုင်းက ဘောင်းဘီတို၊ ရှပ်အင်္ကျီလေးတွေ၊ ထန်းလက်ဦးထုပ်တွေနဲ့ စတိုင်အပြည့်နဲ့ ကိုယ့်ဘာသာ ကျေနပ်နေတဲ့ လူတွေက သင့်ဘေးမှာ ရှိနေတယ်။ ပင်လယ်စာနဲ့ ဘီယာတစ်ခွက် ဘယ်လောက်လိုက်ဖက်လိမ့်မလဲ။ ဂစ်တာလေးနဲ့ မီးပုံပွဲလေးသာ ပါရင်တော့ ပွဲပြီးပြီလေ။ ဟုတ်တယ်ဟုတ်။ ကိုယ်တာဝန်ယူရတာတွေ၊ စိတ်ညစ်စရာတွေ၊ ပူပန်သောကတွေကို ခဏမေ့ပြီး ပျော်ရွှင်ကြည့်လိုက်ပါ။

ပင်လယ်ကြီးကို စူးစမ်းလေ့လာကြမယ်။

ကမ်းစပ်မှာ ထိုင်ပြီး အုန်းရေလေးသောက်၊ နေစာလှုံ၊ ပင်လယ်ကမ်းစပ်မှာ သဲဆော့ရုံတင်မဟုတ်ပဲ ပင်လယ်ထဲမှာ ဘောကွင်းစီးတာ၊ ဘုတ်စီးတာအပြင် ရေငုတ်တာစတာတွေပါ လုပ်တတ်ရင်တော့ အတိုင်းထက်အလွန် ပျော်စရာပဲပေါ့။ ပင်လယ်ကြီးက သင့်ကို ပျော်စရာတွေနဲ့ စောင့်ကြိုနေမှာပါ။

အနားယူမယ် အားမွေးမယ်။
လူတော်တော်များများက ပင်လယ်ကမ်းခြေက သင့်အားအင်တွေကို ဆုတ်ယုတ်စေတယ်လို့ ဆိုပေမယ့် ကျနော့်အတွက်တော့ လုံးဝ ဆန့်ကျင်ဖက်ပါပဲ။ ကမ်းခြေမှာ စိတ်ရှိလက်ရှိ ကဲပြီးတဲ့နောက် ကိုယ့်အခန်းကို ပြန်ရောက်လာတာနဲ့ ခေါင်းအုံးနဲ့ ခေါင်းထိလိုက်တာနဲ့ အိပ်ပျော်သွားတာပါပဲ။ ချက်ချင်းအိပ်မပျော်ရင်တောင် ပင်လယ်ရေလှိုင်း ပုတ်သံလေးတွေက ဂီတသံလေးတွေလို သင့်ကို ချော့သိပ်နေမှာပါလို့…..


Beach Mode is on ;)

နဒီလင်းသစ် (ဆေး-၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း