ဆံပင်ဆေးဆိုးခြင်း (အပိုင်း-၂)



ပြီးခဲ့တဲ့ ပို့စ်မှာ ခေးတို့ မွီးတို့ ညလေးတို့အတွက် မတ်မတ်သန်က ဆံပင်ဆိုးဆေးတွေရဲ့ ဆိုးကျိုးတွေကို ရေးပြခဲ့ပြီးပြီဆိုတော့…ဟွာလေ…ဘယ်နှယောက်လောက် ကတုံးတုံးလိုက်ရပြီလဲဟင်။ အလကားစတာပါ။ ဆိုးဆေးတွေက မကောင်းဘူးဆိုပေမယ့် တို့မိန်းမသားတွေကလည်း လှချင်တာကိုး…ဆိုးမှာပဲ…ဆိုးမှာပဲ…ငါ့ကိုလာမတားနဲ့ဆိုတာမျိုးပေါ့။ သိနေတယ်လေ ဒါမျိုးတွေက ရိုးဟိုးဟိုးနေပြီ။

ဒါကြောင့် မတ်မတ်သန်က ချစ်တို့အတွက် အန္တရာယ်ကင်းပြီး ဆံပင်အရောင်ဆန်းဆန်းလေးတွေနဲ့ ဖလမ်းဖလမ်းထနိုင်ဖို့ ဆက်လက်တင်ဆက်ပေးလိုက်တယ်နော်

  1. လက်ဘက်ခြောက်/ကော်ဖီမှုန့်အစွမ်း

လတ်လတ်ဆတ်ဆတ်နှပ်ထားတဲ့ ကော်ဖီမှုန့်၊ လက်ဖက်ခြောက်မှုန့်တို့မှာ ဆံပင်ကို မည်းနက်စေတဲ့ အံ့မခန်းအစွမ်းရှိပါတယ်။ ခေါင်းလျှော်ပြီးချိန်မှာ အဲဒီနှပ်ထားတဲ့ ကျရည်နဲ့ ဆံပင်တွေကို စိမ်လိုက်ပါ။ ပြီးရင် သဘာဝအတိုင်း အခြောက်ခံပါ။ နောက်နေ့ ခေါင်းပြန်လျှော်တဲ့ အချိန်အထိတော့ ခံပါတယ်။ ဓါတုပစ္စည်းမပါဝင်တဲ့အတွက် ဘယ်နှကြိမ်လုပ်လုပ် အန္တရာယ်မရှိပါဘူး။ စိတ်ရှည်ဖို့တော့လိုမယ်နော်။

    2.အစာဆိုးဆေး

ခေါင်းလျှော်တဲ့အခါ အစာဆိုးဆေး (ကိုယ်လိုချင်တဲ့ အရောင်)ကို ဆံပင်ပျော့ဆေး conditioner နဲ့ရောပြီး ဆံပင်ကိုခဏနှပ်ထားပြီး ရေနဲ့ဆေးပစ်လိုက်ရင်ရပါပြီ။

   3.သကြားမုန်လာ/မုန်လာဥနီ
မုန်လာဥနီ (သို့မဟုတ်) beet လို့ခေါ်တဲ့ သကြားမုန်လာကို အရည်ကြိတ်ပြီး ရလာတဲ့ အရည်ကို ဆံပင်မှာလိမ်းပြီး တစ်နာရီလောက်နေရင် ခေါင်းလျှော်လိုက်ပါ။ နီညိုရောင်ဆံပင်လေးနဲ့ လန်းနိုင်ပါပြီ။

   4.ဒန်းဆိုးခြင်း
ဒန်းဆိုးတာက ဆံပင်အရောင်ဆိုးတဲ့ ကိစ္စမှာတင်မဟုတ်ပါဘူး။ လက်တို့၊ ခြေထောက်တို့မှာပါ အရုပ်လေးတွေဖော်တဲ့ နေရာမှာပါ သုံးလေ့ရှိပါတယ်။ အထူးသဖြင့် ဟိန္ဒူအမျိုးသမီးတွေ ပွဲတော်နားနီးရင် အလှဆင်လေ့ရှိတဲ့အရာပါ။ ဒန်းမှုန့်ကိုရေဖျော်ပါ။ ဆံပင်မှာ နှံ့အောင်နယ်၊ တစ်နာရီလောက် အခြောက်ခံထား။ ပြီးရင် ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးတွေနဲ့ ကျကျနန ခေါင်းလျှော်လိုက်ပါတော့။

   5.ပျားရည်နှင့် သံပုရာ
ဒါကတော့ ဆံပင်ကို ဟိုင်းလိုက်ဖောက်ချင်တဲ့ သူတွေအတွက်ပါ။ ပျားရည်နှင့် သံပုရာကို ဆတူရောပါ။ ပြီးရင် ကိုယ်ဟိုင်းလိုက်ဖောက်ချင်တဲ့နေရာကို သုတ်လိမ်းပါ။ Hair dryer နဲ့အပူပေး အခြောက်ခံလိုက်ပါ။ ပြီးရင် ခေါင်းလျှော်လိုက်ပါ။ ချက်ချင်းတော့ မရပါဘူး။ စိတ်ရှည်ရပါမယ်။ ခနခနတော့ လုပ်ပေးရပါလိမ့်မယ်။



ကဲ…ကဲ…မတ်မတ်သန်ကတော့ သိသလောက် အပီဖောက်ပြီးပြီနော်…ပိုပို လှနိုင်ကြပါစေကွယ်။ ချလစ်ယူ💗💗💗

သန္တာကိုကို (ဆေးတက္ကသိုလ်)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း