အရောင်များနှင့် ကျန်းမာရေး




အရောင်တွေမှာ ထူးခြားတဲ့ စွမ်းအင်သတ္တိတွေ ရှိကြပြီး ကျနော်တို့ နေ့စဉ်ရွေးချယ်လိုက်တဲ့ အရောင်ကလည်း ကိုယ့်ရဲ့ တနေ့တာ လုပ်ဆောင်ချက်တွေ၊ စိတ်ခံစားမှုတွေပေါ်မှာ ထင်ဟပ်ပြသနေတတ်ပါတယ်။ တချို့အရောင်တွေက အားအင်တက်ကြွမှုကို ဖြစ်စေတတ်ပြီး၊ တချို့တွေကတော့ အေးချမ်းတည်ငြိမ်စေပါတယ်။ ဝမ်းနည်းမှုကို ခေါ်ဆောင်လာတတ်တဲ့ အရောင်တွေလည်းရှိသလို၊ စိတ်ပျက်အားငယ် ဒေါသထွက်စေတတ်တာတွေလည်းရှိလို့ ကိုယ့်ရဲ့နေ့စဉ် ဘဝအတွက် အရောင်ရွေးမှန်ဖို့လည်း လိုအပ်ပါတယ်။
အနီရောင်
အာရုံကြောတွေနဲ့ အက်ဒရီနယ်ဂလင်းကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အားအင်တွေ ပြည့်နေမယ်။ သွေးပေါင်တက်နေမယ်။ တက်ကြွနေမယ်။ ဒေါသဖြစ်လွယ်၊ စိတ်ပျက်လွယ်စေတယ်။ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းကို မြန်စေတယ်။ ကြာကြာထိတွေ့မှုများလာရင်တော့ စိတ်ဖိစည်းမှု ဖြစ်စေနိုင်ပါတယ်။
အပြာရောင်
လူ့စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ အစာစားချင်စိတ် လျော့နည်းစေပါတယ်။ ဇီဝဖြစ်စဉ်များ နှေးကွေးစေပါတယ်။ ကြာကြာထိတွေ့မှုများလာရင်တော့ စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။
အဝါရောင်
ပျော်ရွှင်စေတယ်။ ဇီဝဖြစ်စဉ်ကို မြန်စေတယ်။ စိတ်ပျော်ရွှင်မှု၊ တက်ကြွလန်းဆန်းမှုကို ဖြစ်စေသော်လည်း ကလေးတွေက အဝါရောင်အခန်းထဲမှာ ပိုငိုပါတယ်။ ကြာကြာထိတွေ့မိရင်တော့ ပင်ပန်းနွမ်းနယ်မှု ဖြစ်စေတတ်ပါတယ်။
အစိမ်းရောင်
မျက်လုံးအေးစေတယ်။ စိတ်ဖိစီးမှုကို လျော့စေပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ရှိစေပါတယ်။ အမြင်အာရုံတိုးတက်စေတယ်။ ရောဂါတွေကို ကုသနိုင်စွမ်းရှိတယ်။
ခရမ်းရောင်
နာမ်၊ ဝိဥာဉ်နှင့် ဆိုင်သော အရောင်ဖြစ်ပြီး နက်နက်နဲနဲ တွေးခေါ်နိုင်မှုကို အားပေးသလို လိင်မှုကိစ္စကို အားပေးထက်သန်စေပါတယ်။ ဝမ်းနည်းစိတ်ပျက် အားငယ်ခြင်းတွေကို ဖြစ်စေတတ်ပြီး မိမိကိုယ်မိမိ စိတ်ပျက်ဝမ်းနည်းမှုတွေ ဖြစ်လာစေတတ်ပါတယ်။
လိမ္မော်ရောင်
စိတ်စွမ်းအား ထက်သန်စေပြီး အစာစားချင်စိတ်ကို အားပေးပါတယ်။ ဦးနှောက်ထဲ သွေးရောက်မှုကို အားပေး အထောက်အကူပြုပြီး အတွေးအခေါ်နှင့် ဥာဏ်ရည်ဥာဏ်သွေးကို တိုးတက်ကောင်းမွန်စေပါတယ်။
မီးခိုးရောင်
မတည်ငြိမ်ခြင်းကို ကိုယ်စားပြုပြီး မျှော်လင့်ချက်တွေကို ဖန်တီးပေးပါတယ်။
ပန်းရောင်
ပူပန်သောကနှင့် ဒေါသကို လျော့စေပါတယ်။ အမျိုးသမီးတွေရဲ့ အရည်အချင်းကို ကိုယ်စားပြုတဲ့ အရောင်တခုပါပဲ။ 
အဖြုရောင်
ငြိမ်သက်စေသော သဘာဝရှိပြီး အောင်မြင်တဲ့ အစပျိုးမှုကို ကိုယ်စားပြုပါတယ်။
အနက်ရောင်
ဝတ်ဆင်သူကို ပိန်သွယ်စေတတ်တဲ့ သတ္တိထူးရှိပါတယ်။ မတူညီတဲ့ အတွေးအခေါ်နဲ့ ရှုထောင့်ကနေ နက်နက်နဲနဲ ခံစားရစေတတ်ပါတယ်။

ကဲ…အထက်မှာ ဖော်ပြခဲ့တာကတော့ အရောင်တွေနဲ့ သူတို့ရဲ့ သတ္တိထူးတွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေ သင်ရော ဘာအရောင် အကြိုက်ဆုံးလဲ comment မှာ ပြောပြခဲ့ပါလား။

အရောင်ရွေးမှန်နိုင် ကြပါစေ။

နဒီလင်းသစ် (ဆေး-၂)

Comments

Popular posts from this blog

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

ဆံပင်ကျွတ်ခြင်း

ဆံပင်ဆေးဆိုးခြင်း