Posts

Showing posts from July, 2018

မေ့မရနိုင်သော လူနာ တစ်ဦး

Image
ကျနော်ဟာ ဆရာဝန်တစ်ယောက်ပါ။ (ကြော်ငြာမဟုတ်ပါ။) ကျနော်တို့ ဟောက်ဆာဂျင်ဆင်းတုန်းက အဖြစ်အပျက်လေးကို ခုမိုးတွင်းတိုက်ဆိုင်ချိန်မှာ ပြန်သတိရလို့ ရေးတင်လိုက်တာပါ။ တူတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေကို သတိရမိပါတယ်။ ကျနော် ဟောက်ဆာဂျင်ဆင်းတာ သင်္ဃန်းကျွန်းစံပြဆေးရုံ မှာပါ။ ဆေးကုသဆောင်က လူနာတစ်ယောက်အကြောင်းပါ။ ဆေးကုသဆောင်က အပေါ်ဆုံးထပ်မှာပါ။ ဖြစ်ပုံက မိုးတွေသည်းသည်းမည်းမည်း ရွာနေတဲ့ ည။ ကျနော်ဂျူတီကျတဲ့ ညပါ။ ည၉နာရီလောက်မှာ လူနာတစ်ယောက်ရောက်လာပါတယ်။ ရောက်လာတဲ့ လူနာက ၁၃နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ အမေလုပ်သူ အသက်၅၀လောက်အရွယ် ပိန်ပိန်အဒေါ်ကြီးတစ်ယောက်က ကုန်းပိုးလာပါတယ်။ ဖြစ်ပုံက ဖျားပြီး ရင်တုန်လို့ပါတဲ့။ ရွာကနေ (လေးထောင့်ကန်ရွာ ဖြစ်မယ်ထင်ပါတယ်။ သိပ်မမှတ်မိတော့ပါ။) ပိုက်ဆံစုပြီး ညတွင်းချင်း ဆေးရုံကို ပြေးလာတာပါတဲ့။ သားခံစားနေရတာ မကြည့်ရက်လို့ပါတဲ့။ ကျနော်တို့လည်း လုပ်စရာရှိတာလုပ်။ စမ်းစရာရှိတာ စမ်းပြီး ညဂျူတီတူတဲ့ ဘွဲ့လွန်ဆရာကို အကြောင်းကြားရတာပေါ့။ အဲဒီအချိန်မှာ ထူးဆန်းတာ တစ်ခုကို စသတိထားမိပါတယ်။ ကောင်လေးက ရင်တုန်တာ အကြောင်းပြပြီး အမေကုန်းပိုးထားတဲ့ပေါ်က လုံးဝမဆင်းပါဘူး။ အမေကိုယ်တိုင်က ဘယ

ခရီးသွားခြင်းက သင့် ကျန်းမာရေးကို အကျိုးပြုတဲ့ အချက် ၈ချက်

Image
ခရီးသွားတယ် ဆိုတာနဲ့ ဘာကိုအရင်ဆုံး စဉ်းစားမိသလဲ။ ပတ်ဝန်းကျင်အသစ်မှာ လူစိမ်းတွေနဲ့ ထိတွေ့ဆက်ဆံမယ်။ ဓါတ်ပုံရိုက်ဖို့ ရှုခင်းလှလှလေးတွေ၊ စားလို့ကောင်းတဲ့ ဒေသထွက် အစားအစာတွေ။ ဒါတွေကို မြင်ယောင်မိပါသလား။ လူတိုင်းလူတိုင်းမှာ စိတ်ညစ်စရာတွေ၊ ဒုက္ခတွေ၊ ဒေါသထွက်ရတာ၊ နာကျင် စိတ်ပင်ပန်းရတာတွေ နေ့တိုင်းကြုံတွေ့နေရတာပါပဲ။ ဒီလို စိတ်ရောကိုယ်ပါ ပင်ပန်းနေရတာတွေကနေ ဝေးဝေးကို ထွက်ပြေးချင်စိတ်က ပေါ်ပေါ်လာတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ခံနိုင်ရည်တွေ ကုန်ဆုံးသွားပြီဆိုတဲ့ အချိန်မှာပေါ့။ နိုင်ငံခြားကို ထွက်မှ ခရီးသွားတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံတွင်း၊ ကိုယ့်ဒေသတွင်းမှာလည်း မရောက်ဘူးသေးတဲ့ နေရာတွေ အများကြီးရှိနေဦးမှာပါ။ အခုခေတ်က အရာရာအကောင်းဘက်ကို ပြောင်းလဲလာပြီဆိုတော့ ခရီးသွားရတာ အရင်လို ခက်ခဲမှုတွေ မရှိတာကြောင့် အရင်ကထက် ခရီးသွားတာ ပိုများလာကြတာ သတိထားမိမှာပါ။ လူမှုကွန်ယက်ပေါ်မှာ ပိုသိသာပါတယ်။ ရောက်နေတဲ့နေရာမှာ check-in လေးဝင်၊ ရှုခင်းလှတဲ့နေရာ ဓါတ်ပုံလေးရိုက်ပြီးတင်နဲ့ ကြွားရတာ အမောပါ။ ဟုတ်တယ်မလား။ ခရီးသွားရတာ ဝါသနာပါတဲ့သူတွေရှိသလို၊ တော်ပါကွာ ခရီးသွားရတာ ပင်ပန်းတယ် အိမ်မှာအိပ်နေတာပဲကောင်းတယ်ဆိုတဲ့

လက်သည်းက ပြောသော သင့်ကျန်းမာရေးအကြောင်း

Image
တနေ့တနေ့ ကိုယ့်ရဲ့လက်သည်းလေးတွေကို ကြည့်ပြီး ပီတိဖြစ်နေရတာ ဘာနဲ့မှ မလဲနိုင်ဘူးဆိုသူ ညလေးတို့ရေ … ဒီတခါ မတ်မတ်သန်က လက်သည်းလေးတွေကို ကြည့်တာနဲ့ ဘာဖြစ်နေတယ်ဆိုတာလေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ငယ်ငယ်ကဆို လက်သည်းပွင့်တယ်ဆိုတဲ့ အဖြူပွင့်လေးတွေ ပေါ်လာရင် ရည်းစားရတော့ မယ်ဆိုတာ မွီးတို့၊ ညလေးတို့တော့ မသိဘူး။ မတ်မတ်သန်တို့တော့ ဖြစ်ဖူးပါရဲ့။ (လက်သည်းပွင့်တာ ပြောတာပါ။) Nail Spa သွားပြီး လက်သည်းပန်းချီလေးတွေဖော်၊ အရုပ်လေးတွေဖော်နဲ့ အရမ်းချစ်ဖို့ကောင်းတာ မှန်ပေမယ့် တကယ်ကတော့ ဒီလိုလုပ်လိုက်ခြင်းကြောင့် လက်သည်းအောက်ခြေ (အောက်ခံအသား)ကို မမြင်ရတော့ပါဘူး။ ပိုဆိုးတာက အပေါ်ကနေ လက်သည်းတု ထပ်ကပ်လိုက်ခြင်းကလည်း အောက်ခံလက်သည်းပေါ်မှာ ဘာဖြစ်နေလဲဆိုတာ မမြင်ရတော့တဲ့အတွက် ကျန်းမာရေးရှုထောင့်ကကြည့်ရင် အဆင်မပြေပါဘူး။ နောက်တစ်ခုက ခုခေတ်ယောက်ျားလေးတွေ အီမိုဆိုလား၊ ဘာလား။ လက်သည်းအမဲတွေဆိုးထားတာ။ မတ်မတ်သန်တော့ ကြည့်မရပါဘူး။ ထားပါ။ ပြောချင်တာ လမ်းလွဲကုန်ပြီ။ အဓိကက ချစ်တို့ ခုပြင်နေတဲ့ လက်သည်းလေးတွေက ခွက်နေရင် ဘယ်လို၊ ခုန်းနေရင် ဘယ်လိုဆိုတာလေးတွေနဲ့ သူတို့နဲ့ ပတ်သက်တဲ့ တွေ့ရများတဲ့ ကျန်းမာရေး ပြသနာလေးတေ

ဆံပင်ကျွတ်ခြင်း

Image
မနက်အိပ်ယာထချိန် ခေါင်းအုံးမှာ ဆံပင်တွေ တွေ့ရလို့ စိတ်ညစ်နေလား။ ခေါင်းလျှော်ရင် လက်ထဲမှာ ဆံပင်တွေ အထွေးလိုက် ဖြစ်နေလို့ စိတ်ပူနေလား။ ခေါင်းဖြီးရင် ဘီးမှာ ဆံပင်တွေအများကြီးမို့ စိတ်ဆင်းရဲနေလား။ မတ်မတ်သန် ရှာရှာဖွေဖွေ စပ်စုထားတာလေးတွေ ဝေမျှပေးလိုက်တယ်နော်… အမျိုးသားတွေက အမျိုးသမီးတွေထက် ဆံပင်ပိုကျွတ်ပါတယ်။ ဒါကြောင့် ထိပ်ပြောင်ကြတာပေါ့။ ဒါပေမယ့် အမျိုးသမီးတွေလည်း ဆံပင်ပါးပြီး ကျွတ်တတ်ကြပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းခံပေါ်မူတည်ပြီး ယာယီလည်းဖြစ်နိုင်သလို တသက်လုံးလည်းဖြစ်တတ်ပါတယ်။ ကုသနည်းတွေကလည်း အကြောင်းရင်းခံပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားသွားတတ်ပါသေးတယ်။ ကဲ…့ခေါင်းပေါ်က ဆံပင်တွေဘာလို့ နဲသွားတာလဲ။ ဘယ်လို ကာကွယ်ရမလဲ ဆက်ဖတ်ကြည့်လိုက်ပါဦး။      ကိုယ်ဆင်းရဲခြင်း ခန္ဓာကိုယ် ပင်ပန်းဆင်းရဲခံရလွန်းတဲ့ အခါမှာ ဆံပင်တွေက ခံနိုင်စွမ်းမရှိတော့ရင် စွန့်ခွါထွက်ပြေးကုန်ကြတာကြောင့် ဆံပင်တွေ ပါးကုန်တာပေါ့။ ထိခိုက်ဒဏ်ရာရတာ၊ ယာဉ်မတော်တဆမှုဖြစ်တာ၊ ကင်ဆာရောဂါလို အပြင်းအထန် နေမကောင်းဖြစ်တာတွေကစလို့ တုတ်ကွေးမိတာတွေအထိပါဝင်ပါတယ်။ နောက်ပြီး လှချင်လွန်းလို့ ကိုယ့်ဘာသာလုပ်ယူလေ့ရှိတဲ့ အလွန်အကျွံ ကိုယ်အလေး

အရောင်များနှင့် ကျန်းမာရေး

Image
အရောင်တွေမှာ ထူးခြားတဲ့ စွမ်းအင်သတ္တိတွေ ရှိကြပြီး ကျနော်တို့ နေ့စဉ်ရွေးချယ်လိုက်တဲ့ အရောင်ကလည်း ကိုယ့်ရဲ့ တနေ့တာ လုပ်ဆောင်ချက်တွေ၊ စိတ်ခံစားမှုတွေပေါ်မှာ ထင်ဟပ်ပြသနေတတ်ပါတယ်။ တချို့အရောင်တွေက အားအင်တက်ကြွမှုကို ဖြစ်စေတတ်ပြီး၊ တချို့တွေကတော့ အေးချမ်းတည်ငြိမ်စေပါတယ်။ ဝမ်းနည်းမှုကို ခေါ်ဆောင်လာတတ်တဲ့ အရောင်တွေလည်းရှိသလို၊ စိတ်ပျက်အားငယ် ဒေါသထွက်စေတတ်တာတွေလည်းရှိလို့ ကိုယ့်ရဲ့နေ့စဉ် ဘဝအတွက် အရောင်ရွေးမှန်ဖို့လည်း လိုအပ်ပါတယ်။ အနီရောင် အာရုံကြောတွေနဲ့ အက်ဒရီနယ်ဂလင်းကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အားအင်တွေ ပြည့်နေမယ်။ သွေးပေါင်တက်နေမယ်။ တက်ကြွနေမယ်။ ဒေါသဖြစ်လွယ်၊ စိတ်ပျက်လွယ်စေတယ်။ နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းကို မြန်စေတယ်။ ကြာကြာထိတွေ့မှုများလာရင်တော့ စိတ်ဖိစည်းမှု ဖြစ်စေနိုင်ပါတယ်။ အပြာရောင် လူ့စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ အစာစားချင်စိတ် လျော့နည်းစေပါတယ်။ ဇီဝဖြစ်စဉ်များ နှေးကွေးစေပါတယ်။ ကြာကြာထိတွေ့မှုများလာရင်တော့ စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ အဝါရောင် ပျော်ရွှင်စေတယ်။ ဇီဝဖြစ်စဉ်ကို မြန်စေတယ်။ စိတ်ပျော်ရွှင်မှု၊ တက်ကြွလန်းဆန်းမှုကို ဖြစ်စေသော်လည်း ကလေးတွေက အဝါရောင်အခန်းထဲမှာ

ဆံပင်ဆေးဆိုးခြင်း (အပိုင်း-၂)

Image
ပြီးခဲ့တဲ့ ပို့စ်မှာ ခေးတို့ မွီးတို့ ညလေးတို့အတွက် မတ်မတ်သန်က ဆံပင်ဆိုးဆေးတွေရဲ့ ဆိုးကျိုးတွေကို ရေးပြခဲ့ပြီးပြီဆိုတော့…ဟွာလေ…ဘယ်နှယောက်လောက် ကတုံးတုံးလိုက်ရပြီလဲဟင်။ အလကားစတာပါ။ ဆိုးဆေးတွေက မကောင်းဘူးဆိုပေမယ့် တို့မိန်းမသားတွေကလည်း လှချင်တာကိုး…ဆိုးမှာပဲ…ဆိုးမှာပဲ…ငါ့ကိုလာမတားနဲ့ဆိုတာမျိုးပေါ့။ သိနေတယ်လေ ဒါမျိုးတွေက ရိုးဟိုးဟိုးနေပြီ။ ဒါကြောင့် မတ်မတ်သန်က ချစ်တို့အတွက် အန္တရာယ်ကင်းပြီး ဆံပင်အရောင်ဆန်းဆန်းလေးတွေနဲ့ ဖလမ်းဖလမ်းထနိုင်ဖို့ ဆက်လက်တင်ဆက်ပေးလိုက်တယ်နော် လက်ဘက်ခြောက်/ကော်ဖီမှုန့်အစွမ်း လတ်လတ်ဆတ်ဆတ်နှပ်ထားတဲ့ ကော်ဖီမှုန့်၊ လက်ဖက်ခြောက်မှုန့်တို့မှာ ဆံပင်ကို မည်းနက်စေတဲ့ အံ့မခန်းအစွမ်းရှိပါတယ်။ ခေါင်းလျှော်ပြီးချိန်မှာ အဲဒီနှပ်ထားတဲ့ ကျရည်နဲ့ ဆံပင်တွေကို စိမ်လိုက်ပါ။ ပြီးရင် သဘာဝအတိုင်း အခြောက်ခံပါ။ နောက်နေ့ ခေါင်းပြန်လျှော်တဲ့ အချိန်အထိတော့ ခံပါတယ်။ ဓါတုပစ္စည်းမပါဝင်တဲ့အတွက် ဘယ်နှကြိမ်လုပ်လုပ် အန္တရာယ်မရှိပါဘူး။ စိတ်ရှည်ဖို့တော့လိုမယ်နော်။     2. အစာဆိုးဆေး ခေါင်းလျှော်တဲ့အခါ အစာဆိုးဆေး (ကိုယ်လိုချင်တဲ့ အရောင်)ကို ဆံပင်ပျော့ဆေး conditioner နဲ့ရောပြီး ဆံပင်

အထီးကျန်ခြင်းနှင့် စိတ်ကျဝေဒနာ

Image
သင့်ဘေးနား လူတွေ ဘယ်လောက်ရှိရှိ စိတ်ကျဝေဒနာက အထီးကျန်ခြင်းတွေ ယူဆောင်လာနိုင်ပါတယ်။ အထီးကျန်ခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ဒါပေမယ့် တခါတလေတော့ အထီးကျန်ဖြစ်ခြင်းဟာ ထင်ထားတာထက် အများကြီး ပိုဆိုးပါတယ်။ အထီးကျန်ခြင်းဟာ ကူးစက်လွယ်ပါတယ်။ ဝမ်းနည်းခြင်း၊ တစ်ယောက်တည်းနေခြင်း၊ လူမှုဝန်းကျင်ကနေ ဆုတ်ခွာပြီး အဖော်မဲ့ တစ်ကိုယ်တည်းနေခြင်းတွေဟာ အထူးသဖြင့် တစ်ဦးတည်းနေရတဲ့ သက်ကြီးပိုင်းတွေမှာ စိတ်ကျရောဂါနဲ့တွဲ တွေ့ရတတ်ပါတယ်။ အထီးကျန်ခြင်းဟာ တစ်ဦးတည်းနေတဲ့သူကိုသာမကပဲ တခါတရံမှာ လူတွေအများကြီးနဲ့ နေတဲ့သူတွေကို တောင်မှချဉ်းကပ် ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် သူတို့ အထီးကျန်ဆန်နေပါတယ်ဆိုတဲ့သူတွေနဲ့ ပြိုင်မငြင်းပါနဲ့။ နားလည်ပေးလိုက်ပါ။ စိတ်ကျခြင်းက အမြဲတမ်းတော့ အထီးကျန်ခြင်းကို မဖြစ်စေပေမယ့် အထီးကျန်တဲ့သူတွေဟာ တစ်နှစ်နှစ်နှစ်လောက် ကြာလာတဲ့အခါ ဝမ်းနည်းအားငယ်ရာကနေ စိတ်ကျရောဂါဖြစ်လာတတ်ပါတယ်။ ဘယ်လိုရုန်းထွက်ကြမလဲ? အထီးကျန်ခြင်းက တချိန်လုံး အကူအညီမဲ့နေတဲ့ အရာမဟုတ်ပါဘူး။ သင့်ဘာသာ ပြန်လည်ရုန်းထပြီး တခြားလူတွေနဲ့ရောနှောနေထိုင်ရင်း သာမန်ဘဝရဲ့ ရှင်သန်မှုကို ပြန်လည်ကြိုးစား ရယူသင့်ပါတယ်။ ဒီလိုကြိုးစားရာမှာ